ရုတ်တရက်လေဖြတ်လျှင် ချက်ချင်းအကောင်းပကတိဖြစ်အောင်ပြုစုကုသနည်း ပြုစုကုသနည်းမှာသမားတော်ကြီးဣစ္ဆာသယ ဦးမောင်မောင်၏နည်းဖြစ်ပါသည်။ နက္ခတ္တရောင်ခြည် မဂ္ဂဇင်းတွင် ဆောင်းပါးရှင်၊မြင့်မြတ်ထွန်းက စိတ်ဝင်စား ဖွယ်ရေးသားထားပြီး မကြာမီကပင် လေဖြတ်သလိုဖြစ်၍ ပါးရွဲ့ခြေလက်လှုပ်မရသူမိတ်ဆွေတစ်ဦးအား သမားတော်ကြီး ညွန်ပြပါ နှိပ်ကွက်နေရာလေးများအားနှိပ်ပေးပါရန် အကြံပေးလေရာ(၃)ရက်အကြာတွင် အကောင်းပကတိဖြစ် ခဲ့သည်မို့ အဖြစ်များလှသော လေဖြတ်လေဖြန်းရောဂါ များကြုံခဲ့ဖြစ်ခဲ့ပါလျှင် အသုံးပြုနိုင်ပါရန် ထပ်ဆင့်မျှဝေလိုက်ပါသည်။လေရောဂါသည်အသက်(၄၀)နှင့်(၆၀)ကြားအဖြစ်များပါသည်။ အအေးများရာက လေအထက်သို့ဆောင့်တက်၍ လေဖြတ်ပြီး ပါးရွဲ့၊ခြေထောက်ဆာ၊ခြေလက်တို့ လှုပ်မရအောင်ဖြစ်တတ်ပါသည်။ ရုတ်တရက်လေမိသူကို ယခုတင်ပြမည့်နှိပ်ကွက်လေးများဖြင့် နှိပ်ပေးပါမည်ဆိုလျှင် ပျောက်ကင်းသက်သာမှုကိုရရှိစေပြီး လွယ်ကူစွာရှင်းရှင်းပြတ်အောင် သက်သာပျောက်ကင်းစေပါသည်။ နှိပ်ကွက်(၁) ခြေမျက်စိနှင့်နောက်တွင်ကပ်နေသော သွေးပြန်ကြောကိုခပ်နာနာလေးနှိပ်ပေးပါ။ နှိပ်ကွက်(၂) ခြေဖဝါးအလယ်ဘေးသားကအကြောကို ကျေညက်အောင်နှိပ်ချေပေးပါ။ နှိပ်ကွက်(၃) ဒူးဆစ်အောက်မှာရှိတဲ့ခြေတံကောက်ကြောကိုနှိပ်ချေပေးပါ။ နှိပ်ကွက်(၄) ပေါင်တွင်းကြောကိုကြိတ်ချေပြီး နှိပ်ပေးပါ။ အဲ့လိုနှိပ်ကွက် လေးကွက်နဲ့ အချိန်မဆိုင်းပါဘဲ ဝိုင်းဝန်းနှိပ်ပေးလိုက်မယ်ဆိုရင် လေမိသူဟာ သတိလစ်မလိုဖြစ်နေရာက အာလေးလျှာလေး တာတွေလျော့ကျသွားပြီး မကြာခင်သတိလည်ကာ လူကောင်းလိုစကားပြန် … Read more