လည်ချောင်းနာခြင်း ပျောက်ကင်းလိုလျှင်..

လည်ချောင်းနာခြင်း ဆိုတာ ရာသီအကူးအပြောင်းမှာ လူတိုင်းခံစားရတဲ့ ခံရခက်တဲ့ ဝေဒနာပဲဖြစ်ပါတယ်။

ဘယ်လိုအကြောင်းတွေကြောင့်လည်ချောင်းနာနိုင်လည်းဆိုရင် ဗက်တီရီးယား နှင့် ဗိုင်းရပ်စ်ပိုးများ၊ပတ်ဝန်းကျင်လေထုညစ်ညမ်းမှု၊ရာသီအကူးအပြောင်း အပူအအေးမမျှမှု

GHRDရောဂါ ၊ဓါတ်မတည့်ခြင်း ၊ဆေးလိပ်သောက်ခြင်းနှင့် ဆေးလိပ်ငွေ့ရှုမိခြင်း ၊ရေခဲရေသောက်ခြင်း စတာတွေကြောင့်ခံစားရတတ်ပါတယ်။

လည်ချောင်းနာခြင်းကို ခံစားရပြီဆိုရင် အသက်ရှှူရန်ခက်ခဲခြင်း မျိုချရန်ခက်ခဲခြင်းတို့ကြောင့် အင်မတန်ပင်ပန်းလှပါတယ်။ သူ့အလိုလိုပျောက်ကင်းသွားတတ်ပေမယ့် နှစ်ပတ်ထက်ကျော်လွန်ပြီး နာနေမယ်ဆိုရင် ဆရာဝန်နဲ့ သေခြာတိုင်ပင်ဆွေးနွေးပြသသင့်ပါတယ်။

လည်ချောင်းနာတာ ပျောက်ကင်အောင် ဘယ်လိုများ ကုသလို့ရမလည်းဆိုရင် နွယ်ချို ကိုရေနှင့်ရောပြီး ပလုပ်ကျင်းရေအဖြစ်ကျင်းပေးနိုင်ပါတယ်။

ပျားရည်ကို သောက်ပေးခြင်းကလည်း အထိရောက်ဆုံးနည်းလမ်းဖြစ်ပြီး ချောင်းဆိုးတာကိုပါသက်သာစေပါတယ်။

ဆားရည်ဖြင့် ၃နာရီခြားတစ်ခါ ပလုပ်ကျင်းပေးခြင်းဖြင့် အပူအပုတ်ကင်းစင်ပြီး ပိုမွှားများကို သေစေနိုင်ပါတယ်။

ခံတွင်းငုံဆေးပြား ငုံထားပေးလို့ရပါတယ်။

Menthol ပါဝင်တဲ့ ခံတွင်းငုံဆေးပြားများကို ငုံပေးမယ်ဆိုရင်လည်း လည်ချောင်းအတွင်း ချွဲသလိပ်များကို ပျော်ကျစေပြီး ယောင်ရမ်းမှုကိုလည်းသက်သာစေပါလိမ့်မယ်။

ရေနွေးကြမ်းပူပူသောက်သုံးပေးခြင်း

စွပ်ပြုတ်ပူပူသောက်ခြင်း

နှင့် တုတ်ကွေးကြောင့်ဖြစ်ပေါ်တဲ့ လည်ချောင်းနာခြင်းအတွက်ကတော့ တုတ်ကွေးကာကွယ်ဆေး ထိုးနိုင်ပါတယ်။

ကလေးငယ်လေးတွေမှာလည်ချောင်းနာခြင်း ဖြစ်ပေါ်ခဲ့မယ်ဆိုရင်တော့ မိခင်က ဆေးသောက်သုံးရမှာဖြစ်ပြီး မိခင်နို့ရည်မှတစ်ဆင့် ပျောက်ကင်းသက်သာစေနိုင်ပါတယ်။

ခြောက်သွေ့အေးမြတဲ့ဆောင်းရာသီဝင်ရောက်လာပြီဖြစ်တာမို့ ရာသီပေါ်တုတ်ကွေးဖျားနာခြင်းများကို ကာကွယ်ဂရုစိုက်ရင်း ခံရခက်တဲ့ လည်ချောင်းနာခြင်းပျောက်ကင်းစေဖို့ နည်းလမ်းလေးတွေကို ပြောပြပေးလိုက်ပါတယ်နော်။

TT

Zawgyi

လည္ေခ်ာင္းနာျခင္း ဆိုတာ ရာသီအကူးအေျပာင္းမွာ လူတိုင္းခံစားရတဲ့ ခံရခက္တဲ့ ေဝဒနာပဲျဖစ္ပါတယ္။

ဘယ္လိုအေၾကာင္းေတြေၾကာင့္လည္ေခ်ာင္းနာနိုင္လည္းဆိုရင္ ဗက္တီရီးယား ႏွင့္ ဗိုင္းရပ္စ္ပိုးမ်ား၊ပတ္ဝန္းက်င္ေလထုညစ္ညမ္းမႈ၊ရာသီအကူးအေျပာင္း အပူအေအးမမၽွမႈ

GHRDေရာဂါ ၊ဓါတ္မတည့္ျခင္း ၊ေဆးလိပ္ေသာက္ျခင္းႏွင့္ ေဆးလိပ္ေငြ႕ရွုမိျခင္း ၊ေရခဲေရေသာက္ျခင္း စတာေတြေၾကာင့္ခံစားရတတ္ပါတယ္။

လည္ေခ်ာင္းနာျခင္းကို ခံစားရၿပီဆိုရင္ အသက္ရွွဴရန္ခက္ခဲျခင္း မ်ိဳခ်ရန္ခက္ခဲျခင္းတို႔ေၾကာင့္ အင္မတန္ပင္ပန္းလွပါတယ္။ သူ႔အလိုလိုေပ်ာက္ကင္းသြားတတ္ေပမယ့္ ႏွစ္ပတ္ထက္ေက်ာ္လြန္ၿပီး နာေနမယ္ဆိုရင္ ဆရာဝန္နဲ႔ ေသျခာတိုင္ပင္ေဆြးေႏြးျပသသင့္ပါတယ္။

လည္ေခ်ာင္းနာတာ ေပ်ာက္ကင္ေအာင္ ဘယ္လိုမ်ား ကုသလို႔ရမလည္းဆိုရင္ ႏြယ္ခ်ိဳ ကိုေရႏွင့္ေရာၿပီး ပလုပ္က်င္းေရအျဖစ္က်င္းေပးနိုင္ပါတယ္။

ပ်ားရည္ကို ေသာက္ေပးျခင္းကလည္း အထိေရာက္ဆုံးနည္းလမ္းျဖစ္ၿပီး ေခ်ာင္းဆိုးတာကိုပါသက္သာေစပါတယ္။

ဆားရည္ျဖင့္ ၃နာရီျခားတစ္ခါ ပလုပ္က်င္းေပးျခင္းျဖင့္ အပူအပုတ္ကင္းစင္ၿပီး ပိုမႊားမ်ားကို ေသေစနိုင္ပါတယ္။

ခံတြင္းငုံေဆးျပား ငုံထားေပးလို႔ရပါတယ္။

Menthol ပါဝင္တဲ့ ခံတြင္းငုံေဆးျပားမ်ားကို ငုံေပးမယ္ဆိုရင္လည္း လည္ေခ်ာင္းအတြင္း ခၽြဲသလိပ္မ်ားကို ေပ်ာ္က်ေစၿပီး ေယာင္ရမ္းမွုကိုလည္းသက္သာေစပါလိမ္႔မယ္။

ေရေႏြးၾကမ္းပူပူေသာက္သုံးေပးျခင္း

စြပ္ျပဳတ္ပူပူေသာက္ျခင္း

ႏွင့္ တုတ္ေကြးေၾကာင့္ျဖစ္ေပၚတဲ့ လည္ေခ်ာင္းနာျခင္းအတြက္ကေတာ့ တုတ္ေကြးကာကြယ္ေဆး ထိုးနိုင္ပါတယ္။

ကေလးငယ္ေလးေတြမွာလည္ေခ်ာင္းနာျခင္း ျဖစ္ေပၚခဲ့မယ္ဆိုရင္ေတာ့ မိခင္က ေဆးေသာက္သုံးရမွာျဖစ္ၿပီး မိခင္နို႔ရည္မွတစ္ဆင့္ ေပ်ာက္ကင္းသက္သာေစနိုင္ပါတယ္။

ေျခာက္ေသြ႕ေအးျမတဲ့ေဆာင္းရာသီဝင္ေရာက္လာၿပီျဖစ္တာမို႔ ရာသီေပၚတုတ္ေကြးဖ်ားနာျခင္းမ်ားကို ကာကြယ္ဂ႐ုစိုက္ရင္း ခံရခက္တဲ့ လည္ေခ်ာင္းနာျခင္းေပ်ာက္ကင္းေစဖို႔ နည္းလမ္းေလးေတြကို ေျပာျပေပးလိုက္ပါတယ္ေနာ္။

TT

Leave a Comment