လေ့လာတွေ့ရှိချက်လေးတွေကို ပြန်လည်မျှဝေတာပါနော်…..

မိန်းကလေးတွေ ထိတွေ့အခံချင်ဆုံး ခန္ဓာကိုယ်အစိတ်အပိုင်း(၅)ခု

မိန်းကလေးတွေက သူတို့ရဲ့ ချစ်သူတွေ၊ အိမ်ထောင်ဖက်တွေနဲ့ အတူရှိနေတဲ့အချိန်တွေမှာဆိုရင် သူတို့ကို ထိတွေ့စေချင်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ရှိသတဲ့။ အဲဒီလိုပြောလို့ ထင်ရာမြင်ရာတွေ လျှောက်တွေးမနေနဲ့ဦး။ ဒီအချက်တွေက bigeye.ug ဆိုတဲ့ ဝက်ဆိုက်နဲ့ faceofmalawi.com ဆိုတဲ့ ဝက်ဆိုက်တွေကနေ ကူးယူဖော်ပြတာဖြစ်ပြီး သူတို့ရဲ့ လေ့လာတွေ့ရှိချက်လေးတွေကို ပြန်လည်မျှဝေတာပါနော်။

(၁)။ ဆံပင်

မိန်းကလေးတွေဟာ သူတို့ရဲ့ဆံပင်တွေကို သူတို့ကို တန်ဖိုးထားတဲ့ ယောင်္ကျားလေးတစ်ယောက်ကို ထိတွေ့စေချင်ကြသတဲ့။ သူတို့က ဆံပင်ကို ဆေးရောင်အမျိုးမျိုးခြယ်ကြတယ်၊ ပုံစံအမျိုးမျိုး ဖန်တီးကြတယ်ဆိုတာ ဖိအားတွေ လျော့ကျဖို့အတွက် ဖြစ်ကြပြီး သူတို့ရဲ့ဆံပင်တွေကို သူတို့ချစ်တဲ့သူ ကိုင်ဖို့ မျှော်လင့်ကြပါတယ်။

(၂)။ လည်ပင်းအနောက်ဖက်

ကိုယ်ချစ်တဲ့မိန်းကလေးတစ်ယောက်ရဲ့ လည်ပင်းအနောက်ဖက်နားကို လက်နဲ့ကိုင်ထားပြီး အနမ်းလေးပေးကြည့်စမ်းပါ။ ဂျပန်မှာတော့ ဒီအလေ့အထဟာ အရမ်းပဲ ခေတ်စားပါတယ်တဲ့။ အမျိုးသားတွေက မိန်းကလေးတွေရဲ့ လည်ပင်းအနောက်ဖက်နားကို ထိတွေ့ဖို့ စိတ်ဝင်စားကြပြီး စိတ်ပိုင်းဆိုင်ရာ ခံစားမှုကိုလည်း မြင့်တက်နေပါသတဲ့။

(၃)။ ညှပ်ရိုး

လည်ပင်းအောက်ခြေနားမှာရှိတဲ့ ညှပ်ရိုးဆိုတာ မိန်းကလေးတွေရဲ့ ဆွဲဆောင်မှုအရှိဆုံးနေရာတွေထဲက တစ်ခုတဲ့။ တချို့ဆိုရင် အဲဒီ ညှပ်ရိုးမပေါ်လို့ စိတ်ညစ်ကြသူတွေတောင် ရှိတယ်။ မိန်းကလေးတွေက အဲဒီနေရာကို ထိတာ၊ နမ်းတာကို ကြိုက်ကြသလို သူတို့ရဲ့အလှအပကို အသိအမှတ်ပြုတယ်လို့လည်း ခံစားကြတယ်တဲ့။

(၄)။ နားရွက်

နားရွက်နဲ့ပတ်သက်ပြီး မိန်းကလေးတွေရဲ့ ခံစားမှုက တစ်မျိုးပါ။ သူတို့က နားရွက်ကို ထိရင် ပျော်ကြတယ်တဲ့။ နားရွက်ကို နမ်းတာမျိုးတို့၊ ဖွဖွလေး ကိုင်ထားတာမျိုးတို့ဆိုရင် သူတို့က သဘောကျတတ်ကြပြီး ဒါဟာ သူတို့ ထိတွေ့စေချင်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းဆိုတာ သေချာပါတယ်။

(၅)။ ခြေဖဝါး

ခြေဖဝါးကို ဘာလို့ ထိရမှာလဲ၊ ရွံစရာကြီးလို့ တွေးမိကြတယ်မို့လား။ မိန်းကလေးတွေက သူတို့ရဲ့ ခြေဖဝါးကို အထိခံချင်ကြတယ်တဲ့။ အဲဒါကြောင့်ပဲ Foot Massage တွေဆီ သွားကြတာဖြစ်ပြီး သူတို့အတွက် ခံစားမှုအသစ်တွေ ပေးစွမ်းနိုင်တယ်လို့ ယုံကြည်ကြတယ်။credit

Zawgyi



(၁)။ ဆံပင်


(၂)။ လည်ပင်းအနောက်ဖက်


(၃)။ ညှပ်ရိုး


(၄)။ နားရွက်


(၅)။ ခြေဖဝါး


credit

Leave a Comment