“မမြတ်နိုးခင်” မန္တလေးကွန်ပျူတာတက္ကသိုလ်က အမျိုးသမီးတစ်ဦး ပျောက်ဆုံး…

အောက်မှာဖော်ပြထားတဲ့ “မမြတ်နိုးခင်” ဟာမန္တလေးကွန်ပျူတာတက္ကသိုလ်ကဖြစ်ပြီး 4th Year (CT Major) တက်ရောက်နေတဲ့ ကျောင်းသူတစ်ဦးဖြစ်ပါတယ်။

ဒီနေ့ (၂) ငါးလုံးအရေးတော်ပုံလှုပ်ရှားမှုအတွင်း နေပြည်တော်မှာ အဖမ်းခံခဲ့ရတာလို့ သိရပါတယ်။

မန္တလေးကွန်ပျူတာကျောင်းသားသမဂ္ဂအနေနဲ့ အစ်မရဲ့ မိဘတွေနဲ့ ဆက်သွယ်ပြီး တတ်နိုင်သမျှ ကူညီဝန်းရံပေးဖို့ အဘက်ဘက်ကနေ ကြိုးစားနေပါတယ်။

အထူးသဖြင့် နေပြည်တော်မှာရှိတဲ့ မိဘပြည်သူများအနေနဲ့ တတ်နိုင်သမျှ ဝန်းရံပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ။

မှတ်ချက်။ ။ လက်ရှိနောက်ဆုံးရသတင်းအနေနဲ့ ဗုဒ္ဓဂါယာအနားရှိ တပ်ရင်း (တပ်ရင်း-၁၈) ကို ခေါ်သွားတယ်လို့ သိရပါတယ်။

Credit – Fays Deam

unicode






Credit – Fays Deam

Leave a Comment