၂၂.၂.၂၀၂၁ နေ့၏ ထူးခြားမှုနိမိတ်များနဲ့ပတ်သပြီး ဆရာလင်းညို့တာယာရဲ့ဟောစာတမ်းများ…….











Cele Ywar

Unicode

၂၂.၂.၂၀၂၁ နေ့၏ ထူးခြားမှုနိမိတ်များ

၂+၂+၂+၂+၀+၂+၁ = ၁၁. ဖြစ်ပြီး ၁ + ၁ =၂ ပဲ ပြန်ရပါတယ် ။ ၁၁ ဂဏန်း စိုးမိုးရက် ဖြစ်သလို ၂ ဂဏန်း စိုးမိုးတဲ့ရက်ဖြစ်ပါတယ် ။ ထူးခြားတဲ့အနေနဲ့ တနင်္လာနေ့လည်း ဖြစ်နေပါသေးတယ် ။

တားရော့ အမှတ်စဥ် ၁၁ နိမိတ်ကဒ်ပြားဟာ Justice ဖြစ်ပြီး တရားသူကြီးတစ်ဦးက တိုင်နှစ်လုံးကြားမှာ ထိုင်နေပါတယ် ။ ညာလက်မှာ ဓားတစ်ချောင်းကိုင်ဆောင်ပြီး ဘယ်လက်မှာ ချိန် ခွင်တစ်ခုကို ကိုင်ကာ ” တရားတစ်ဖက် ၊ ဓားတစ်လက် ” ဆိုတဲ့ နိမိတ်ကို ဖော်ညွှန်းပြသနေပါတယ် ။

ချိန်ခွင်မှာတရားမျှတမှုကို ရည်ညွန်းသလိုဓားလွတ်မှာ ထိုတရား မျှတမှုရရန်အတွက် ထိခိုက်ရှနာ ၊ တစ်နည်းအားဖြင့် အခန့်မသင့်ရင် သွေးထွက်သံယို စတေးရမယ့် အခြေနေမျိုးဖြစ်ပါတယ် ။

တစ်ဖန် ၂ ဂဏန်းဟာပါပဂြိုလ်မှ ပေါက်ဖွားလာတဲ့အအေးဓာတ် ဖြစ်ပြီး စန္ဒာလမင်းရဲ့ နက္ခတ်လည်းဖြစ်နေပါတယ်သဘောတရားအရ အေးမြခြင်းဆိုတဲ့ လက္ခဏာဆောင်ပါတယ် ။

တနင်္လာနံ ဟာ အမေ ( မိခင် )ကို ကိုယ်စားပြုတယ် ။ မိခင်မေတ္တာကို ခံယူပြီး ( သို့မဟုတ် မိခင်ကို စိတ်ချမ်းသာအောင်ထားပြီးကုန်းကြော င်းလမ်း ၊ခြေလျင်သွားခြင်းများ ပြုလုပ်ရင် လုပ်ငန်းများသေချာပေါက် အောင်မြင်ပါလိမ့်မယ် ။

တားရော့ အမှတ်စဥ် ၂နိမိတ်ကဒ်ပြားမှာ သူတော်စင် မယ်တော်တစ်ပါးဟာ လခြမ်းကွေးနှစ်ခုအကြား ကမ္ဘာလုံးသဏ္ဍန်ရှိနေတဲ့ သ ရဖူကြီးကို ဆောင်းထားပြီး TORA ” ဆိုတဲ့ စာချွန်လွှာကိုကိုင်ထားပါတယ်။

၅၀ရာခိုင်နှုန်းစီဖြစ်ပေမယ့် ၂ ဂဏန်းစိုးမိုးတဲ့ မိခင်ဓာတ် အား

ကောင်းတာဖြစ်လို့ မယ်တော်ကြီးကဒ်မှ စာချွန်လွှာနိမိတ်ကို ဖမ်း ယူပြီး ဝမ်းသာစရာသတင်းများ ဧကန်မုချ ကြားရမယ့် နိမိတ် ကောင်း တစ်ခုလို့သာ ပြောလိုက်ချင်ပါတယ် ခင်ဗျာ ။

၂ ဂဏန်းရဲ့ စိုးမိုးအရောင် ၊ ကံကောင်းစေသော အရောင်က အဖြူရောင်ပါ။အဖြူရောင်ပါတဲ့ ပစ္စည်းတွေ ဆောင်ယူပြီးမိခင်မေတ္တာဓာတ်ခံယူကာ လုပ်ငန်းကိစ္စအဝဝကို ဆောင်ရွက်ပါလေ ။

Cele Ywar

Leave a Comment