သူတို့တကယ်ချစ်မိသွားတဲ့ မိန်းကလေးကို ဒီလိုလုပ်ပေးတယ်ဆိုတာ မယုံမရှိနဲ့





 










unicode

ဘယ်မိန်းမကိုမှ အလိုလိုက်ပြီး “အဲ့လောက်မလုပ်ပေးနိုင်ဘူး” ဆိုတဲ့ယောင်္ကျား….

သူတို့တကယ်ချစ်မိသွားတဲ့မိန်းကလေးကို ခြေထောက်ကိုင်ပြီး ဖိနပ်စီးပေးဖို့ဝန်မလေးတတ်ကြဘူးဆိုတာ မယုံမရှိနဲ့ !!

သူ့အမေကလွဲပြီး ဘယ်မိန်းမကမှ “ဆံပင်ကိုင်တာ .. ခေါင်းကိုင်တာမျိုး”ကိုလက်မခံတဲ့ယောင်္ကျား …

သူတို့တကယ်ချစ်သွားတဲ့မိန်းကလေးက ဆံပင်ဆောင့်ဆွဲတတ်တာမျိုး .. နားရွက်လိမ်ဆွဲတတ်တာမျိုးလေးကိုပဲ အပြုံးမပျက်ဘူးဆိုတာ မယုံမရှိနဲ့ !!

 

ယောင်္ကျားသဘာဝ ကပြက်ကချော်နိုင်ပြီး အချိန်ကိုလေးစားရကောင်းမှန်း မသိတတ်တဲ့ယောင်္ကျား ……

သူတို့တကယ်ချစ်သွားတဲ့ မိန်းကလေးနဲ့ ချိန်းထားတဲ့အချိန်နောက်ကျသွားရင် စိတ်ဆိုးမှာကြောက်တတ်တာကြောင့် အချိန်တိကျသွားတတ်ကြတယ်ဆိုတာ မယုံမရှိနဲ့ !!

စိုးရိမ်ပူပန်တတ်တာဆိုတာ ဘာမှန်းမသိ သူတို့ကိုယ် သူတို့တောင် ဂရုစိုက်ရမှန်းမသိတဲ့ယောင်္ကျား …….

သူတို့တကယ်ချစ်သွားတဲ့မိန်းကလေးနှာစီး/ချောင်းဆိုးတာလေးကအစ လိုက်ပြီးစိုးရိမ်တကြီးနဲ့ ဂရုစိုက်နေဖို့ မှာတတ်သွားကြတယ်ဆိုတာ မယုံမရှိနဲ့ !!

ဘယ်သူတွေ ဘယ်လိုဆုံးမ ဆုံးမ .. မနာခံခဲ့ဘဲ ခပ်ဆိုးဆိုးအကျင်းတွေကိုပဲလုပ်ခဲ့တဲ့ယောင်္ကျား ………..

 

သူတို့တကယ်ချစ်မိသွားတဲ့မိန်းကလေး မကြိုက်တာဆိုရင်ကြိုးစားပြီး ပြုပြင်ပေးလာတတ်ကြတယ်ဆိုတာ မယုံမရှိနဲ့ !!

ရှိလားးးးးး ဒီလိုချစ်သူယောင်္ကျားလေးမျိုး … ??????

ရှိတာပေါ့ …..ဒီလိုချစ်သူယောင်္ကျားလေးမျိုးကို ကျွန်မပိုင်ဆိုင်ထားတယ်….

မူရင်းရေးသားသူကို Credit ပေးပါသည်။

unicode